|
Article on other languages:
|
သောကြာဂြိုလ် သည် နေနှင့် ဒုတိယမြောက် အနီးဆုံးဂြိုဟ်ဖြစ်သည်။ ကျောက်တုံးကျောက်ခဲများ၊ ချိုင့်ခွက်ကြီးများ၊ အလွန်ကြီးမားသော မီးတောင်ကြီးများ ရှိပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ဓာတ်ငွေ့နှင့် အဆိပ်ဓာတ်ဖြစ်သော ဆာလဖျူရစ်အက်ဆစ်တို့နှင့် ဖွဲ့စည်းထားသော သိပ်သည်းမှုအား မြင့်မားသော လေထုရှိသည်။ ဆာလဖျူရစ်အက်ဆစ်သည် ကမ္ဘာမြေ၏ အပူချိန်၌ အရည်အဖြစ် အသွင်သဏ္ဌန် ရှိသော်လည်း သောကြာဂြိုဟ်၏ အပူချိန်မှာ အလွန်မြင့်မားသည့်အတွက် အငွေ့အသွင်ပြောင်းလဲခြင်း ဖြစ်ပေါ်ပြီး ထူထပ်သော ဓာတ်ငွေ့တိမ်တိုက်များ ဖြစ်ပေါ်နေသည်။ ထို အက်ဆစ်တိမ်တိုက်များသည် တနာရီလျှင် ၃၆၀ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားလျှက် ရှိကြသည်။ မှန်လုံအိမ်အကျိုးသက်ရောက်မှုကြောင့် သောကြာဂြိုဟ်သည် နေအဖွဲ့အစည်းတွင် အပူပြင်းဆုံးဂြိုဟ် အဖြစ်တည်ရှိသည်။ အလွန်ပူပြင်းလှသည့် အတွက် ကမ္ဘာပေါ်ရှိ မည်သည့်အရာမျှ သောကြာဂြိုဟ်ပေါ်တွင် ရှင်သန်နိုင်မည် မဟုတ်ပေ။ သောကြာဂြိုဟ်တွင် လွန်စွာထူထပ်သော တိမ်ထုရှိသည့်အတွက် ဂြိုဟ်၏မျက်နှာပြင်ကို ကမ္ဘာမြေပေါ်မှ ရေဒါ အကူအညီမပါပဲ မမြင်နိုင်ပေ။ သောကြာဂြိုဟ်၏ အမည် ဗီးနပ်စ်မှာ အချစ်နှင့် အလှတရားတို့နှင့်သက်ဆိုင်သော ရောမနတ်ဘုရားကို အစွဲပြု၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်။ သောကြာဂြိုဟ်သည် နေကို တစ်ပတ်ပတ်ရန် ၂၂၄.၆၅ ရက်ကြာပြီး ၀င်ရိုးပေါ်တွင် တစ်ပတ်ပတ်ရန် ၂၄၃ ရက်ကြာသည့်အတွက် သောကြာဂြိုဟ်၏ နေ့တစ်နေ့သည် နှစ်တစ်နှစ်ထက် ပို၍ ရှည်ကြာသည်။ သောကြာဂြိုဟ်နှင့် ကမ္ဘာတို့၏ကြားတွင် ကီလိုမီတာပေါင်း သန်း ၄၀မျှကွာဝေးသည်။ သောကြာဂြိုဟ်၏ ဆွဲငင်အားသည် ကမ္ဘာမြေ၏ ဆွဲငင်အားနှင့် အတူတူခန့်ရှိသည်။ သောကြာဂြိုဟ်သည် ကမ္ဘာနှင့် အလွန်နီးသည့်အတွက် ကောင်းကင်ယံတွင် အမြဲလိုပင်တွေ့မြင်နိုင်သည်။ မနက်မိုးမလင်းမီအချိန်နှင့် နေ၀င်ြပီး နာရီအနည်းငယ်မျှ ကြာသောအချိန်တို့တွင် အထင်ရှားဆုံးဖြစ်သည်။ သောကြာဂြိုဟ်သည် ကောင်းကင်၌ နေနှင့်လတို့ မှအပ အလင်းလက်ဆုံး ဖြစ်သည်။ မနက်ခင်းနှင့် ညနေခင်းတို့တွင် မကြာခဏမြင်ရလေ့ ရှိသည့်အပြင် မှန်ပြောင်း သို့ တယ်လီစကုပ် ဖြင့် ကြည့်ရှုခြင်းမဟုတ်ပါက ကြယ်နှင့် ဆင်တူသည့်အတွက် ၄င်းကို မနက်ကြယ် သို့ ညနေကြယ်အနေဖြင့် အချို့က ခေါ်ဝေါ်ကြသည်။ အခြားဝက်ဘ်ဆိုက်ဒ်များ
|
||||||||||||||||||||
This article is from Wikipedia. All text is available under the terms of the GNU Free Documentation License.