|
Article on other languages:
|
ဇီဝကမ္မဗေဒ (Physiology) ဆိုသည်မှာ သက်ရှိ (living organism) တို့၏ ရုပ်ပိုင်းဆိုင်ရာ၊ တည်ဆောက်မှု ဆိုင်ရာနှင့် ဇီဝဓာတုဆိုင်ရာ အလုပ်လုပ်ပုံတို့ကိုလေ့လာသော ပညာရပ်ဖြစ်သည်။ ပုံမှန်အားဖြင့် အပင်နှင့်သက်ဆိုင်သော ဇီဝကမ္မဗေဒ (plant physiology) နှင့် သတ္တဝါနှင့်သက်ဆိုင်သော ဇီဝကမ္မဗေဒ (animal physiology) ဟူ၍ခွဲခြားထားသော်လည်း ဇီဝကမ္မဗေဒ သဘောတရားများမှာ အကုန်လုံးနှင့်သက်ဆိုင်ပြီး မည့်သည့်သက်ရှိကို လေ့လာသည်ဖြစ်စေ အတူတူပင်ဖြစ်သည်။ ဥပမာအားဖြင့်ဆိုရလျှင် ယိစ်ဆဲလ်များ (yeast cells)ကို လေ့လာခြင်းသည် လူ၏ဆဲလ်များ(human cells) ကို လေ့လာခြင်းနှင့် အတူတူပင်အသုံးဝင်သည်။
ပြင်ပအင်တာနက်စာမျက်နှာများ
|